အဓိကအကြောင်းအရာ Skip
menu

လေ့လာလည်ပတ်ရေးအသိပေးချက်

အမျိုးသားနန်းတော်ပြတိုက်၏ ပြပွဲများဝင်ကြည့်ခြင်းဆိုင်ရာ သိမှတ်စရာများ

2012 ခုနှစ် ဒီဇင်ဘာလ 22 ရက်တွင် အတည်ပြုကျင့်သုံးသည်။
2016 ခုနှစ် ဖေဖော်ဝါရီလ 01 ရက်တွင် ပထမ၊ ဒုတိယ၊ ပဉ္စမအချက်များ ပြုပြင်သည်။
2016 ခုနှစ် ဒီဇင်ဘာလ 02 ရက်တွင် ပဉ္စမ၊ ဆဋ္ဌမအချက်များ ပြုပြင်သည်။
2019 ခုနှစ် ဇွန်လ 06 ရက်တွင် ဆဋ္ဌမအချက် ပြုပြင်သည်။

01

အမျိုးသားနန်းတော်ပြတိုက် (အောက်တွင် ဤပြတိုက်ဟု အတိုကောက်ဖြင့် ဖော်ပြမည်။)သည် ပြပွဲတွင်းရှိ အဖိုးတန်ပစ္စည်းနှင့် ကြည့်ရှုသည့် အရည်အသွေး ထိန်းသိမ်းနိုင်ရန် သိမှတ်စရာများကို အထူးသတ်မှတ်သည်။

02

တစ်ဆယ်ဦးအထက် အဖွဲ့များအနေဖြင့် အဖွဲ့လက်မှတ်ဝယ်ရမည့်အပြင် အသံလမ်းညွှန်စက်ငှား၍ အသံလမ်းညွှန်စက် တပ်ဆင်ထားမှသာ ဝင်ခွင့်ပေးမည်။ ပြတိုက်၏ လူဦးရေကန့်သတ်စနစ်ကြောင့် မလာမီ အဖွဲ့လိုက် အသံလမ်းညွှန်စက် ငှားခြင်းကို ကြိုတင်စာရင်းပေးထားပါ။

03

လူများချိန်တွင် ပိတ်ဆို့မှုမဖြစ်စေရန် ကြည့်ရှုသည့် လမ်းကြောင်းကို အလိုက်သင့် ပြောင်းလဲပေးပါ။

04

တိုင်ဖွန်း၊ မြေငလျင်အစရှိသော သဘာဝဘေးအန္တရာယ်ကြောင့် ရုံးပိတ်ကြေငြာထွက်လာသည်နှင့် ဝင်ရောက်ကြည့်ရှု၍ မရတော့ပါ။ အချို့နေရာများတွင် ပြပွဲပြောင်းလဲခြင်း၊ ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်း (သို့) ကြီးမားထူးခြားသော မတော်တဆ ဖြစ်ပွားမှုများဖြစ်ခဲ့ပါက အခြေအနေအရ ထိုနေရာများကို ပိတ်မည်။

05

 ပြတိုက်ပြပွဲတွင်း ရိုက်ကူးရာတွင် ဖလက်ရှ်မီး၊ အလင်းဖြည့်ကိရိယာ၊ ခြေညှပ်စင်၊ ဆယ်ဖီဆွဲကိရိယာများ မသုံးရ။ ရိုက်ကူးခွင့်မပြုသည့် အရာများတွင် တားမြစ်အမှတ်အသားပါမည်။ ရိုက်ကူးရာတွင် လုံခြုံရေးလမ်းကြောင်းနှင့် တစ်ပါးသူကြည့်ခွင့်ကို မထိခိုက်ပါစေနှင့်။ စီးပွားဖြစ်ရိုက်ကူးမှုနှင့် အခြားထူးခြားသော တောင်းဆိုချက် ရှိသူများ ကြိုတင်မှတ်ပုံတင်ပါ။

06

ပြပွဲသို့ဝင်လာသည်နှင့် သက်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာပြီး ဝန်ဆောင်သူများ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။ အောက်ပါအချက်များ မလိုက်နာပါက ပြတိုက်မှ ပြောဆိုခြင်း၊ တားမြစ်ခြင်း၊ ဝင်ခွင့်မပြုခြင်းနှင့် ထွက်ခွာမိန့်ပေးခြင်းများ ပြုလုပ်မည်။
(1) ပြပွဲသို့ တရားမဝင်သော၊ အန္တရာယ်ရှိသော ပစ္စည်းများ၊ အစာများ၊ အရည်များ၊ ဗူးပုလင်းများ ယူဆောင်လာခြင်းကို လုံးဝတားမြစ်သည်။
(2) ပြပွဲတွင်း တိတ်ဆိတ်မှု ထိန်းသိမ်းရန် ခွင့်ပြုချက်မရရှိ၊ အသံလမ်းညွှန်စက် မငှားသည့် အခြေအနေဖြင့် လမ်းညွှန်ခြင်းနှင့် ရှင်းပြခြင်း ဝန်ဆောင်မှုပြုလုပ်ခြင်းကို လုံးဝတားမြစ်သည်။
(3) ပဉ္စမသတ်မှတ်ချက်အရ ဓာတ်ပုံ၊ ဗွီဒီယိုမရိုက်သူများ
(4) ကြည့်ချိန်တွင် စကားတိုးတိုးပြောပါ။ အော်ကြီးဟစ်ကျယ် ပြောဆိုရယ်မောခြင်း (သို့) အခြားကြည့်ရှုသူများကို အနှောက်အယှက်ဖြစ်စေသည့် အပြုအမူများပြုလုပ်ခြင်း သည်းခံပါ။
(5) ပြေးလွှားကစားခြင်း၊ အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထိုင်ခုံတွင်လှဲအိပ်ခြင်း၊ ကြမ်းပြင်ထိုင်ခြင်း၊ ဖိနပ်ချွတ်ခြင်းနှင့် စက္ကူစ၊ အခြားပစ္စည်းများပစ်ခြင်း သည်းခံပါ။
(6) အိမ်မွေးတိရိစ္ဆာန်များ (လမ်းပြခွေးမှလွဲ၍)၊ ထုထည်ကြီးပစ္စည်းများနှင့် ကစားစရာများယူဆောင်လာခြင်း သည်းခံပါ။
(7) အမြင်မတော်မဝတ်ဆင်ကြပါနှင့်၊ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ပါ။
(8) ကျောပိုးအိတ်၊ ခရီးသွားအိတ်၊ ခရီးဆောင်သေတ္တာ (A3 ထက်ကြီးသော လက်ဆွဲပစ္စည်း) တို့ကို ပစ္စည်းအပ်နေရာတွင် အပ်ထားပါ။ ပြတိုက်မှ လိုအပ်သျောလုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ရလိမ့်မည်။
(9) အခြားမှာ ပြတိုက်မှ ပြပွဲလုံခြုံရေး (သို့) ကြည့်ရှုမှုကို နှောက်ယှက်သည်ဟု သတ်မှတ်သူများ

TOP