အဓိကအကြောင်းအရာ Skip
menu

နှီးနှောဖလှယ်ရေးနှင့်လုပ်ငန်းဆောင်တာတိုးမြှင့်ရေး

အမျိုးသားရှေးဟောင်းပစ္စည်းပြတိုက်တောင်ပြတိုက်သည် နိုင်ငံတကာအဆင့်မှီ အာရှယဉ်ကျေးမှု အနုပညာပြတိုက် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ပြတိုက်တည်ဆောက်ပြီးချိန် မှစ၍ ခေတ်ကာလ ရေစီးကြောင်းနှင့် တပြေးညီ ရှိစေရန် ပြပွဲများ ပြုလုပ်ခြင်း၊ သုတေသနပြုဆွေးနွေးပွဲများ ကျင်းပခြင်း၊ ရှေးဟောင်းအနုပညာလက်ရာထိန်းသိမ်းခြင်း၊ ဗဟုသုတကြွယ်ဝရန်မြှင့်တင်ခြင်း စသော လုပ်ဆောင် မှုများဖြင့် နိုင်ငံတကာပြတိုက်ကြီးများနှင့် ဆက်စပ်မှုရှိစေရန် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည် ။ ဤနည်းဖြင့် အလယ်ပိုင်း၊ တောင်ပိုင်းနေလူထုများနှင့် လာရောက် လည်ပတ်သူ ခရီးသည်များအတွက် ပို၍အမြင်ကျယ်သော၊ ဆန်းသစ်သော လေ့လာရေးအတွေအကြုံနှင့် ယဉ်ကျေးမှု၏ အနှစ်သာရကို ကောင်းစွာ ထိတွေခံစားနိုင်မည် ဖြစ်သည် ။

ပြပွဲနှီးနှောဖလှယ်မှု

 

တောင်ပြတိုက်ဖွင့်ပွဲကာလကတင်ဆက်ခဲ့သောအဦးဆုံးပြပွဲ(၁ဝ)မျိုးအနက်「သာလွန်ထူးကဲ-ကိုရီးယားကြွေထည်အထူးပြပွဲ」 နှင့်「မိုင်ထောင်များစွာရွက်လွင့်ရာ-ဂျပန်အီမာရီကြွေထည်အထူးပြပွဲ」 
ပြပွဲ(၂)ခုမှာ နိုင်ငံတကာငှားရမ်းပြပွဲဖြစ်ပြီး ဂျပန်နိုင်ငံအိုဆာကာမြို့ တုန်ယန်းကြွေထည်အနုပညာ ပြတိုက်မှ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာ (၁၇၅)မျိုး နှင့်(၁၆၁)မျိုးကို ရက်ရောစွာ ငှားရမ်း ပေးခဲ့သည် ။ ပြပွဲကာလမှာ ၂ဝ၁၈ခုနှစ် နှစ်ဆန်းမှ နှစ်ကုန် အထိဖြစ်သည် ။ 

တောင်ပြတိုက်ဖွင့်ပွဲကာလကတင်ဆက်ခဲ့သောအဦးဆုံးပြပွဲ(၁ဝ)မျိုးအနက်「သာလွန်ထူးကဲ-ကိုရီးယားကြွေထည်အထူးပြပွဲ」 နှင့်「မိုင်ထောင်များစွာရွက်လွင့်ရာ-ဂျပန်အီမာရီကြွေထည်အထူးပြပွဲ」 ပြပွဲ(၂)ခုမှာ နိုင်ငံတကာငှားရမ်းပြပွဲဖြစ်ပြီး ဂျပန်နိုင်ငံအိုဆာကာမြို့ တုန်ယန်းကြွေထည်အနုပညာ ပြတိုက်မှ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာ (၁၇၅)မျိုး နှင့်(၁၆၁)မျိုးကို ရက်ရောစွာ ငှားရမ်း ပေးခဲ့သည် ။ ပြပွဲကာလမှာ ၂ဝ၁၈ခုနှစ် နှစ်ဆန်းမှ နှစ်ကုန် အထိဖြစ်သည် ။ 

 

သာလွန်ထူးကဲ-ကိုရီးယားကြွေထည်အထူးပြပွဲ

သာလွန်ထူးကဲ-ကိုရီးယားကြွေထည်အထူးပြပွဲ

မိုင်ထောင်များစွာရွက်လွင့်ရာ-ဂျပန်အီမာရီကြွေထည်အထူ

မိုင်ထောင်များစွာရွက်လွင့်ရာ-ဂျပန်အီမာရီကြွေထည်အထူးပြပွဲ

၂ဝ၁၆ခုနှစ် ဒီဇင်ဘာလ(၁ဝ)ရက်မှ ၂ဝ၁၇ခုနှစ်မတ်လ(၅)ရက် တွင်တောင်ပြတိုက်၏ အထူး အစီအစဉ်အဖြစ် 「ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ခယူရူနိုင်ငံတော်ပြတိုက်ထိပ်တန်းပြပွဲ」 
ကိုကျင်းပခဲ့သည် ။ ဤပြပွဲမှာ တောင်ပြတိုက်ဖွင့်ပွဲကာလက တင်ဆက်ခဲ့သော အဦးဆုံးပြပွဲ (၁ဝ)မျိုး ပြီးနောက် ပထမဆုံး တင်ဆက်ခဲ့သည့် နိုင်ငံတကာအဆင့်မှီအထူးပြပွဲကြီးဖြစ်သည် ။ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာ(၁၅၁)မျိုးထဲတွင် ဂျပန်နိုင်ငံ၏ နိုင်ငံတော်ရတနာ၊ အရေးပါဆုံးသော ယဉ်ကျေးမှုသံယံဇာတနှင့် အနုပညာလက်ရာအဖြစ် မှတ်တမ်းပြုလောက်သော လက်ရာသည်ပင်(၆၈)မျိုး အထက်ပါကြောင်းကိုကြည့်ခြင်းအားဖြင့် ဤပြပွဲမှာ ဂျပန်နိုင်ငံ၏ အရေးပါဆုံး၊ အရည်အသွေး အမြှင့်မားဆုံး ပြည်ပပြပွဲကြီး ဖြစ်သည့်အပြင် ထိုင်ဝမ်နိုင်ငံ အတွင်း အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အဆင့်မြင့်ဆုံးဖြစ်သော ဂျပန်နိုင်ငံ၏ အနုပညာလက်ရာ ထိပ်တန်းပြပွဲကြီး လည်းဖြစ်ကြောင်း သိမြင်နိုင်သည် ။ 

၂ဝ၁၆ခုနှစ် ဒီဇင်ဘာလ(၁ဝ)ရက်မှ ၂ဝ၁၇ခုနှစ်မတ်လ(၅)ရက် တွင်တောင်ပြတိုက်၏ အထူး အစီအစဉ်အဖြစ် 「ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ခယူရူနိုင်ငံတော်ပြတိုက်ထိပ်တန်းပြပွဲ」 ကိုကျင်းပခဲ့သည် ။ ဤပြပွဲမှာ တောင်ပြတိုက်ဖွင့်ပွဲကာလက တင်ဆက်ခဲ့သော အဦးဆုံးပြပွဲ (၁ဝ)မျိုး ပြီးနောက် ပထမဆုံး တင်ဆက်ခဲ့သည့် နိုင်ငံတကာအဆင့်မှီအထူးပြပွဲကြီးဖြစ်သည် ။ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာ(၁၅၁)မျိုးထဲတွင် ဂျပန်နိုင်ငံ၏ နိုင်ငံတော်ရတနာ၊ အရေးပါဆုံးသော ယဉ်ကျေးမှုသံယံဇာတနှင့် အနုပညာလက်ရာအဖြစ် မှတ်တမ်းပြုလောက်သော လက်ရာသည်ပင်(၆၈)မျိုး အထက်ပါကြောင်းကိုကြည့်ခြင်းအားဖြင့် ဤပြပွဲမှာ ဂျပန်နိုင်ငံ၏ အရေးပါဆုံး၊ အရည်အသွေး အမြှင့်မားဆုံး ပြည်ပပြပွဲကြီး ဖြစ်သည့်အပြင် ထိုင်ဝမ်နိုင်ငံ အတွင်း အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အဆင့်မြင့်ဆုံးဖြစ်သော ဂျပန်နိုင်ငံ၏ အနုပညာလက်ရာ ထိပ်တန်းပြပွဲကြီး လည်းဖြစ်ကြောင်း သိမြင်နိုင်သည် ။ 

ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ခယူရူနိုင်ငံတော်ပြတိုက

ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ခယူရူနိုင်ငံတော်ပြတိုက်ထိပ်တန်းပြပွဲ

၂ဝ၁၇ခုနှစ် ဇူလိုင်လ(၃)ရက်နေ့က တောင်ပြတိုက်သည် အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကို အာရှယဉ်ကျေးမှုအနုပညာပြတိုက်နှင့် ညီအစ်မပြတိုက်အဖြစ် တရားဝင်အတည်ပြုခဲ့ကြသည် ။ ဆန်ဖရန်စစ္စကို အာရှယဉ်ကျေးမှုအနုပညာပြတိုက်အတွင်းရှိ စုဆောင်းမှုလက်ရာများမှာ ရှေးနှစ်ကာလ ခြောက်ထောင်မှ ပစ္စည်းများပင်ပါဝင်ပြီး အရည်အသွေးနှင့် အရေအတွက်မှာလည်း များပြားစုံလင်လှ၍ အမေရိကန်နိုင်ငံ၏ အကြီးစား အာရှယဉ်ကျေးမှုအနုပညာပြတိုက်ကြီး ပင်ဖြစ်သည် ။ ၂ဝ၁၆ခုနှစ်က တောင်ပြတိုက်သည် ၎င်းပြတိုက်တွင် 「ဧကရာဇ်ဘုရင်နှစ်သက်ရာ-အမျိုးသားရှေးဟောင်းပစ္စည်းပြတိုက်ထိပ်တန်းပြပွဲ 」 အားတင်ဆက်ပြသခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အာရှယဉ်ကျေးမှုအနုပညာပြတိုက်မှ အရေးပါဆုံးသော စုဆောင်းမှုလက်ရာများကို ၂ဝ၁၈ခုနှစ် နှစ်ကုန်တွင် ထိုင်ဝမ်ပရိသတ်များ အတွက် ရှေးဟောင်းနန်းတော်ပြတိုက်တောင်ပြတိုက်တွင် တင်ဆက်ပြသသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည် ။

ပညာရေးနှီးနှောဖလှယ်မှုနှင့်အသိပညာသင်ကြားဖြန့်ဖြူးရေးတိုးမြှင့်မှု

 

တောင်ပြတိုက်သည် ပြင်သစ်နိုင်ငံÉcole française d'Extrême-Orient ကျောင်းနှင့် တာရှည် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ထိုကျောင်းမှ ရှေးဟောင်းသုတေသနပညာရှင်၊ သမိုင်းပညာရှင်များကို အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၏ ရှေးဟောင်းယဉ်ကျေးမှု အနုပညာသမိုင်း အကြောင်း ဟောပြောရန် ဖိတ်ခေါ်လေ့ရှိသည် ။ ၎င်းအပြင် ပညာရေးဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန် ထိုကျောင်းသို့ လူလွတ်၍ သင်ယူစေခဲ့ရာ နှစ်ပေါင်းများစွာ တိုးပွား လာသော ရလာဒ်မှာလည်း ကြွယ်ဝလှပေသည် ။ ထိုကျောင်းမှ ဒေါက်တာမန်ကန်း(Pierre-Yves Manguin) နှင့် ဒေါက်တာခိုလန်း(Paola CALANCA)တို့ ထိုင်ဝမ်သို့ လာရောက် လေ့လာနှီးနှောချိန်တွင် ထိုင်ဝမ်ပရိသတ်များနှင့် “တောင်တရုတ်ပင်လယ်ကြား တောင်မြောက်ပင်လယ်ကူးခြင်း၏ဆန်းသစ်မှု ” နှင့် “ ကျောက်ထွင်းအမှတ်အသားမှအမွိုင်ကျွန်းနယ်မြေ၏ကံကြမ္မာဖြတ်သန်းမှု - ဝမ်ဒယ်လု၏ထွင်းမှတ်အကြောင်း ” စသော အံ့ဖွယ်သုတေသနပြုမှတ်တမ်းများကိုလည်း မျှဝေပေးခဲ့သည် ။
2. ၂ဝ၁၆ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က အင်္ဂလန်နိုင်ငံ သဘာဝသမိုင်းပြတိုက် အဆီးအတားမရှိ ယဉ်ကျေးမှုတန်းတူအခွင့်အရေးရရှိရေးဌာန မန်နေဂျာJane Samuels၊ အင်္ဂလန်နိုင်ငံ V&A ပြတိုက်မှ အဆီးအတားမရှိတန်းတူအခွင့်အရေးရရှိရေးဌာန အတိုင်ပင်ခံ Barry Ginley၊ ထိုင်ဝမ်နိုင်ငံတော်သမိုင်းပြတိုက်၊ နယူထိုင်ပေမြို့တော် စစ်စမ်းဟန်ပြတိုက် အစရှိသော ပြည်တွင်း၊ ပြည်ပပြတိုက်များမှ မိတ်ဆွေများ တောင်ပြတိုက်သို့ ကြွရောက်၍ အဆီးအတားမရှိ ဆောင်ရွက်ချက် များအပေါ်လေ့လာကြည့်ရှုပြီး အဆီးအတာမရှိ ဝန်ဆောင်မှုနှင့် စပ်လျှဉ်းသော နှီးနှောဖလှယ်ပွဲ များကိုလည်းကျင်းပခဲ့သည် ။
3. “ ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ ခယူရူနိုင်ငံတော်ပြတိုက်ထိပ်တန်းပြပွဲ ” အစီအစဉ်နှင့် တွဲဖက်၍ ခယူရူနိုင်ငံတော်ပြတိုက်မှ ပြတိုက်မူးနန်းကျင်လုန်ကြီးအား “ ဂျပန်နိုင်ငံ၏ဗုဒ္ဓဘာသာလက်မှုဗိသုကာ ” အကြောင်း ဟောပြောရန်နှင့် တိုကျိုတက္ကသိုလ်မှ ဒေါက်တာ ဗန်ချန်စိန်ကြယ် အား “ တုန်ဆန်းရှေးဟောင်းပစ္စည်းနှင့်ပန်းချီပညာရှင်ရှယ်ကျုံး ” အကြောင်း ဟောပြောရန် ဖိတ်ခေါ်ခဲ့ရာ ပါဝင်တက်ရောက်သူ ပရိသတ်များသည်လည်း အားတက်သရော အားပေးတုံ့ပြန်ခဲ့ကြသည် ။
4. ၂ဝ၁၇ခုနှစ် နှစ်အလယ်ပိုင်းတွင် ပြင်သစ်နိုင်ငံ နိုင်ငံတော်ကိုင်ဘူလန်လိပြတိုက်မှ Stéphane Martinပြတိုက်မူးအားတောင်ပြတိုက်၊ မြောက်ပြတိုက်တွင် “ လူမျိုးဘာသာပြတိုက်အထူးပြပွဲ၏ သက်ရောက်မှု ” အကြောင်း ဟောပြောရန် ဖိတ်ခေါ်ခဲ့သည် ။
5. ၂ဝ၁၇ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ Crow Collection of Asian Art မှ ဒေါက်တာချန်ကျင်းသည် တောင်ပြတိုက်၌ “ ဆုန်မင်းဆက်နောက်ပိုင်းတရုတ်ဗုဒ္ဒဘာသာယဉ်ကျေးမှုပြောင်းလဲခြင်း ” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည် ။
6. ၂ဝ၁၇ခုနှစ် စက်တင်ဘာလတွင် တောင်ပြတိုက်သည် နိုင်ငံပိုင်ထိုင်နန်အနုပညာတက္ကသိုလ်၊ ကျားယိမြို့နယ် ခရီးသွားလာရေးယဉ်ကျေးမှုဌာနတို့နှင့် ပူးပေါင်း၍ ပေါ်စတင်ယဉ်ကျေးမှု အနုပညာပြတိုက်မှ သင်ကြားရေးဆရာ Hannah Goodwin၊ မြို့တော်ပြတိုက်မှ အကြီးစား သင်ကြားရေးဆရာ Rebecca McGinnis တို့အား ထိုင်ဝမ်သို့ လာရောက်၍ 
  1. တောင်ပြတိုက်သည် ပြင်သစ်နိုင်ငံÉcole française d'Extrême-Orient ကျောင်းနှင့် တာရှည် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ထိုကျောင်းမှ ရှေးဟောင်းသုတေသနပညာရှင်၊ သမိုင်းပညာရှင်များကို အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၏ ရှေးဟောင်းယဉ်ကျေးမှု အနုပညာသမိုင်း အကြောင်း ဟောပြောရန် ဖိတ်ခေါ်လေ့ရှိသည် ။ ၎င်းအပြင် ပညာရေးဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန် ထိုကျောင်းသို့ လူလွတ်၍ သင်ယူစေခဲ့ရာ နှစ်ပေါင်းများစွာ တိုးပွား လာသော ရလာဒ်မှာလည်း ကြွယ်ဝလှပေသည် ။ ထိုကျောင်းမှ ဒေါက်တာမန်ကန်း(Pierre-Yves Manguin) နှင့် ဒေါက်တာခိုလန်း(Paola CALANCA)တို့ ထိုင်ဝမ်သို့ လာရောက် လေ့လာနှီးနှောချိန်တွင် ထိုင်ဝမ်ပရိသတ်များနှင့် “တောင်တရုတ်ပင်လယ်ကြား တောင်မြောက်ပင်လယ်ကူးခြင်း၏ဆန်းသစ်မှု ” နှင့် “ ကျောက်ထွင်းအမှတ်အသားမှအမွိုင်ကျွန်းနယ်မြေ၏ကံကြမ္မာဖြတ်သန်းမှု - ဝမ်ဒယ်လု၏ထွင်းမှတ်အကြောင်း ” စသော အံ့ဖွယ်သုတေသနပြုမှတ်တမ်းများကိုလည်း မျှဝေပေးခဲ့သည် ။
  2. ၂ဝ၁၆ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က အင်္ဂလန်နိုင်ငံ သဘာဝသမိုင်းပြတိုက် အဆီးအတားမရှိ ယဉ်ကျေးမှုတန်းတူအခွင့်အရေးရရှိရေးဌာန မန်နေဂျာJane Samuels၊ အင်္ဂလန်နိုင်ငံ V&A ပြတိုက်မှ အဆီးအတားမရှိတန်းတူအခွင့်အရေးရရှိရေးဌာန အတိုင်ပင်ခံ Barry Ginley၊ ထိုင်ဝမ်နိုင်ငံတော်သမိုင်းပြတိုက်၊ နယူထိုင်ပေမြို့တော် စစ်စမ်းဟန်ပြတိုက် အစရှိသော ပြည်တွင်း၊ ပြည်ပပြတိုက်များမှ မိတ်ဆွေများ တောင်ပြတိုက်သို့ ကြွရောက်၍ အဆီးအတားမရှိ ဆောင်ရွက်ချက် များအပေါ်လေ့လာကြည့်ရှုပြီး အဆီးအတာမရှိ ဝန်ဆောင်မှုနှင့် စပ်လျှဉ်းသော နှီးနှောဖလှယ်ပွဲ များကိုလည်းကျင်းပခဲ့သည် ။
  3. “ ဂျပန်အနုပညာထိပ်တန်း-တိုကျို၊ ခယူရူနိုင်ငံတော်ပြတိုက်ထိပ်တန်းပြပွဲ ” အစီအစဉ်နှင့် တွဲဖက်၍ ခယူရူနိုင်ငံတော်ပြတိုက်မှ ပြတိုက်မူးနန်းကျင်လုန်ကြီးအား “ ဂျပန်နိုင်ငံ၏ဗုဒ္ဓဘာသာလက်မှုဗိသုကာ ” အကြောင်း ဟောပြောရန်နှင့် တိုကျိုတက္ကသိုလ်မှ ဒေါက်တာ ဗန်ချန်စိန်ကြယ် အား “ တုန်ဆန်းရှေးဟောင်းပစ္စည်းနှင့်ပန်းချီပညာရှင်ရှယ်ကျုံး ” အကြောင်း ဟောပြောရန် ဖိတ်ခေါ်ခဲ့ရာ ပါဝင်တက်ရောက်သူ ပရိသတ်များသည်လည်း အားတက်သရော အားပေးတုံ့ပြန်ခဲ့ကြသည် ။
  4. ၂ဝ၁၇ခုနှစ် နှစ်အလယ်ပိုင်းတွင် ပြင်သစ်နိုင်ငံ နိုင်ငံတော်ကိုင်ဘူလန်လိပြတိုက်မှ Stéphane Martinပြတိုက်မူးအားတောင်ပြတိုက်၊ မြောက်ပြတိုက်တွင် “ လူမျိုးဘာသာပြတိုက်အထူးပြပွဲ၏ သက်ရောက်မှု ” အကြောင်း ဟောပြောရန် ဖိတ်ခေါ်ခဲ့သည် ။
  5. ၂ဝ၁၇ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ Crow Collection of Asian Art မှ ဒေါက်တာချန်ကျင်းသည် တောင်ပြတိုက်၌ “ ဆုန်မင်းဆက်နောက်ပိုင်းတရုတ်ဗုဒ္ဒဘာသာယဉ်ကျေးမှုပြောင်းလဲခြင်း ” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည် ။
  6. ၂ဝ၁၇ခုနှစ် စက်တင်ဘာလတွင် တောင်ပြတိုက်သည် နိုင်ငံပိုင်ထိုင်နန်အနုပညာတက္ကသိုလ်၊ ကျားယိမြို့နယ် ခရီးသွားလာရေးယဉ်ကျေးမှုဌာနတို့နှင့် ပူးပေါင်း၍ ပေါ်စတင်ယဉ်ကျေးမှု အနုပညာပြတိုက်မှ သင်ကြားရေးဆရာ Hannah Goodwin၊ မြို့တော်ပြတိုက်မှ အကြီးစား သင်ကြားရေးဆရာ Rebecca McGinnis တို့အား ထိုင်ဝမ်သို့ လာရောက်၍ 

 

ပြင်သစ်နိုင်ငံÉcole française d'Extrême-Orient ကျောင်းမှ ဒေါက်တာမန်ကန်းဟောပြောနေစဉ်

အင်္ဂလန်နိုင်ငံ V&A ပြတိုက်မှ အဆီးအတားမရှိတန်းတူအခွင့်အရေးရရှိရေးဌာန အတိုင်ပင်ခံ Barry Ginley သည် တောင်ပြတိုက်ရှိ အဆီးအတားမရှိဝန်ဆောင်မှု လုပ်ဆောင်ချက်များအပေါ် လေ့လာကြည့်ရူနေစဉ်

ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်မှ ဒေါက်တာဗန်ချန်စိန်ကြယ်ဟောပြောနေစဉ်

၂ဝ၁၇ခုနှစ်ပြတိုက်လူကြီးပိုင်းဆိုင်ရာလှုပ်ရှားမှုကျွမ်းကျင်ရေးသင်တန်း

TOP