အဓိကအကြောင်းအရာ Skip
menu

အတားဆီးမဲ့အပြင်အဆင်များ

အဆီးအတားမရှိလေ့လာလည်ပတ်ရေးပတ်ဝန်းကျင်

ရှေးဟောင်းပစ္စည်းပြတိုက်တောင်ပြတိုက်သည် လူသားအားလုံးအတွက်ရည်ရွယ်ချက်ဖြင့် ဒီဇိုင်းပြု၍ စီမံကိန်း ရေးဆွဲခဲ့ခြင်း ဖြစ်သကဲ့သို့ အဆီးအတားမရှိ လေ့လာလည်ပတ်ရေး ပတ်ဝန်းကျင် အဖြစ် တည်ဆောက်ရန် အထူးကြိုးပမ်းဆောင်ရွက်ခဲ့သည် ။

 

ပြတိုက်ပန်းခြံဝန်း၏ တောင်ဘက်၊ မြောက်ဘက် ယာဉ်ရပ်နားကွင်းတွင် မသန်စွမ်းသူ၊ လှုပ်ရှားမှုအဆင်မပြေသူများအတွက် အဆီးအတားမရှိယာဉ်ရပ်နားရာနေရာ ထားရှိရာ ကားသေးသည် 「အဆီးအတားမရှိယာဉ်နှင့်ဝန်ထမ်းသုံးကားဝင်ပေါက်」 မှဝင်ရောက်နိုင်ပြီး S6ပြတိုက်ဂိတ်တွင်ကားဆင်း၍ အဆီးအတားမရှိဆင်ခြေလျှောလမ်းအတိုင်း ပြတိုက်အတွင်းသို့ ဝင်ရောက်နိုင်သည် ။
အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော လှုပ်ရှားမှုအဆင်မပြေသည့် ခရီးသည်များသည် တောင်ဘက် ခရီးသည်ဧည့်ကြိုစင်တာတွင်「အဆီးအတားမရှိကြိုပို့ယာဉ်」(သို့) ခရီးသည်အကြံပြုလမ်းကြောင်း မှဝင်ရောက်နိုင်သည် ။
ပြတိုက်အတွင်းတွင်ဓာတ်လှေကား၊ မျက်မမြင်သူရှေ့ဆောင်လမ်းပြအုတ်၊ စိတ်ပညာပိုင်းဆိုင်ရာ မြေပုံ ၊ အမြဲတမ်းပြပွဲရှိထိတွေ့ခံစားရာနေရာ စသော ဝန်ဆောင်မှုများထားရှိသည် ။ မျက်မမြင်သူ၏ ရှေ့ဆောင်လမ်းပြခွေးကိုလည်း ပြတိုက်အတွင်း ဝင်ရောက်ရန် ကြိုဆိုပါသည် ။
  • ပြတိုက်ပန်းခြံဝန်း၏ တောင်ဘက်၊ မြောက်ဘက် ယာဉ်ရပ်နားကွင်းတွင် မသန်စွမ်းသူ၊ လှုပ်ရှားမှုအဆင်မပြေသူများအတွက် အဆီးအတားမရှိယာဉ်ရပ်နားရာနေရာ ထားရှိရာ ကားသေးသည် 「အဆီးအတားမရှိယာဉ်နှင့်ဝန်ထမ်းသုံးကားဝင်ပေါက်」 မှဝင်ရောက်နိုင်ပြီး S6ပြတိုက်ဂိတ်တွင်ကားဆင်း၍ အဆီးအတားမရှိဆင်ခြေလျှောလမ်းအတိုင်း ပြတိုက်အတွင်းသို့ ဝင်ရောက်နိုင်သည် ။
  • အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော လှုပ်ရှားမှုအဆင်မပြေသည့် ခရီးသည်များသည် တောင်ဘက် ခရီးသည်ဧည့်ကြိုစင်တာတွင်「အဆီးအတားမရှိကြိုပို့ယာဉ်」(သို့) ခရီးသည်အကြံပြုလမ်းကြောင်း မှဝင်ရောက်နိုင်သည် ။
  • ပြတိုက်အတွင်းတွင်ဓာတ်လှေကား၊ မျက်မမြင်သူရှေ့ဆောင်လမ်းပြအုတ်၊ စိတ်ပညာပိုင်းဆိုင်ရာ မြေပုံ ၊ အမြဲတမ်းပြပွဲရှိထိတွေ့ခံစားရာနေရာ စသော ဝန်ဆောင်မှုများထားရှိသည် ။ မျက်မမြင်သူ၏ ရှေ့ဆောင်လမ်းပြခွေးကိုလည်း ပြတိုက်အတွင်း ဝင်ရောက်ရန် ကြိုဆိုပါသည် ။

လက်မှတ်ခနှင့်အသံလွှင့်လေ့လာရေးစက်အခမဲ့

မသန်မစွမ်းလက်မှတ်စာအုပ်ရှိသူနှင့် အဖော်ပြုစောင့်ရှောက်သူ(၁)ဦး (နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားပါ ။) သည် လက်မှတ်ခ အခမဲ့နှင့် အသံလွှင့်လေ့လာရေးစက် အခမဲ့ ငှားရမ်းနိုင်သည် ။ အသံလွှင့်လေ့လာရေးစက် (ရုပ်သံအသံလွင့်၊ လက်အမူအရာစကား၊ စာတမ်းပါရုပ်မြင်သံကြား ရုပ်သံစနှစ်လေ့လာရေးစက်စသော အထောက်အကူပြုပစ္စည်းများကို ရွေးချယ်အသုံးပြုနိုင်သည် ။) ငှားရမ်းရန် ပြတိုက်ဒုတိယထပ်ခန်းမရှိ လက်မှတ်အရောင်းဌာန၊ အသံလွှင့်လေ့လာရေးစနှစ် ကောင်တာဝန်ထမ်းနှင့် ဆက်သွယ်နိုင်သည် ။

ဘီးတပ်ကုလားထိုင်၊ကလေးတွန်းလှည်းငှားရမ်းခြင်းအခမဲ့

ခရီးသည်ဧည့်ကြိုစင်တာ၊ ပြတိုက်ဒုတိယထပ်ခန်းမဝန်ဆောင်မှုကောင်တာ၊ ပထမထပ်ဝန်ဆောင်မှု ကောင်တာတွင် ဘီးတပ်ကုလားထိုင်၊ ကလေးတွန်းလှည်း အခမဲ့ ငှားရမ်းအသုံးပြုနိုင်သည် ။ (အထောက်အထားလက်မှတ်ကဒ်အပ်ထားရမည် ။ နဂိုငှားသောနေရာတွင်ပြန်အပ်ရမည် ။)

အဆီးအတားမရှိလေ့လာလည်ပတ်ရေးဝန်ဆောင်မှုလိုင်း

 

အကူအညီလိုအပ်သော် ခရီးသည်ဧည့်ကြိုစင်တာ၊ ဝန်ဆောင်မှုကောင်တာနှင့် နေရာအလိုက် တာဝန်ကျဝန်ထမ်း (သို့) ဝန်ဆောင်မှုဖုန်းလိုင်း များသို့ ဆက်သွယ်နိုင်ပါသည် ။
ပြတိုက်ပန်းခြံဝန်းခရီးသည်ဧည့်ကြိုစင်တာ   +886-5-362-7568
ပြတိုက်ဝန်ဆောင်မှုကောင်တာ   +886-5-362-0555 လိုင်းခွဲ 5133
အဆီးအတားမရှိသူအုပ်စုလိုက်လေ့လာလည်ပတ်ရေး   +886-5-362-0555 လိုင်းခွဲ 5106(တနင်္လာနေ့ မှ သောကြာနေ့ နံနက်ဝ၉:၃ဝနာရီ မှ ညနေ၅:ဝဝနာရီ)အဆီးအတားမရှိသူအုပ်စုလိုက်လေ့လာလည်ပတ်ရေးအတွက် လျှောက်လွှာဖောင် ဖြည့်စွပ်၍ လိုအပ်သည့် စာရွက်စာတမ်းကို emailလိပ်စာ sbeducation@npm.gov.tw ဆီသို့ ပြန်ပို့ပေးပါ ။ တာဝန်ခံမှ ဝန်ဆောင်မှုပေးမည်ဖြစ်၍ ကြိုတင်ဘွတ်ကင်ယူစနှစ်တွင် စာရင်းပေးရန် မလိုအပ်ပါ ။ 

အကူအညီလိုအပ်သော် ခရီးသည်ဧည့်ကြိုစင်တာ၊ ဝန်ဆောင်မှုကောင်တာနှင့် နေရာအလိုက် တာဝန်ကျဝန်ထမ်း (သို့) ဝန်ဆောင်မှုဖုန်းလိုင်း များသို့ ဆက်သွယ်နိုင်ပါသည် ။

 

  • ပြတိုက်ပန်းခြံဝန်းခရီးသည်ဧည့်ကြိုစင်တာ   +886-5-362-7568
  • ပြတိုက်ဝန်ဆောင်မှုကောင်တာ   +886-5-362-0555 လိုင်းခွဲ 5133
  • အဆီးအတားမရှိသူအုပ်စုလိုက်လေ့လာလည်ပတ်ရေး   +886-5-362-0555 လိုင်းခွဲ 5106(တနင်္လာနေ့ မှ သောကြာနေ့ နံနက်ဝ၉:၃ဝနာရီ မှ ညနေ၅:ဝဝနာရီ)အဆီးအတားမရှိသူအုပ်စုလိုက်လေ့လာလည်ပတ်ရေးအတွက် လျှောက်လွှာဖောင် ဖြည့်စွပ်၍ လိုအပ်သည့် စာရွက်စာတမ်းကို emailလိပ်စာ sbeducation@npm.gov.tw ဆီသို့ ပြန်ပို့ပေးပါ ။ တာဝန်ခံမှ ဝန်ဆောင်မှုပေးမည်ဖြစ်၍ ကြိုတင်ဘွတ်ကင်ယူစနှစ်တွင် စာရင်းပေးရန် မလိုအပ်ပါ ။ 

 

ကလေးသူငယ်များအတွက်ဖော်ရွှေသောဝန်ဆောင်မှု

ပြတိုက်ပထမထပ်ရှိ ကလေးများတီထွင်ဖန်တီးရေးစင်တာတွင် နို့ရည်တိုက်ကျွေးပြုစုခန်း၊ ကလေးမိဘ အတူသုံးအိမ်သာ ထားရှိပြီး မင်ကဗျာဆောင်ခန်းမ (ပြပွဲခန်းမ) အထပ်တိုင်း တွင်လည်း နို့ရည်တိုက်ကျွေးပြုစုခန်း ထားရှိပြီး ဖြစ်သောကြောင့် ကောင်းစွာအသုံးပြု နိုင်ကြောင်းဖိတ်ခေါ်ပါသည် ။

TOP