အဓိကအကြောင်းအရာ Skip
menu

ရှေ့သို့ရည်သန်မျှော်မှန်းချက်

ရှေ့သို့ရည်သန်မျှော်မှန်းချက်

အမျိုးသားရှေးဟောင်းပစ္စည်းပြတိုက်သည် တရုတ်ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းစုဆောင်းခြင်းတွင် ကမ္ဘာ့နာမည်ကြီးဖြစ်ပြီး အဓိကစုဆောင်းပစ္စည်းများမှာ ချင်နန်းဆက်မှပစ္စည်းများဖြစ်သည် ။ စုဆောင်းပစ္စည်းများမှာ နှစ်ပေါင်းထောင်ကျော်က ဘုရင်မင်းဆက်တို့၏ အသုံးအဆောင်၊ စာပေ ပန်းချီ၊ စာအုပ်နှင့် စာရွက်စာတမ်း အပါအဝင် အာရှယဉ်ကျေးမှုရှေးဟောင်းပစ္စည်းလက်ရာပေါင်း (ရ)သိန်းခန့် ရှိသောကြောင့် ကမ္ဘာ့ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ် ကိုပိုင်ဆိုင်သော ပြတိုက် အဖြစ် တည်ရှိပေသည် ။ ၁၉၆၅ခုနှစ် ထိုင်ပေ ဝိုက်ဆွန်ရှီးတွင် ပြတိုက်ထူထောင်သည့် အချိန်မှ စ၍ ယခုအခါ ပြည်တွင်းပြည်ပမှ ခရီးသည် ဧည့်ပရိသတ်ပေါင်း နှစ်စဉ်လူဦးရေ သန်းချီ၍ ပြတိုက်သို့ လာရောက် လေ့လာလည်ပတ်ကြသည် ။ ဤသည်မှာ ယဉ်ကျေးမှုသည် ထိုင်ဝမ်၏ တန်ခိုး စွမ်းအား ဖြစ်သလို ယဉ်ကျေးမှုဖန်တီးခြင်း၊ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည် ။

တရုတ်ယဉ်ကျေးမှုသည် အရှေ့အာရှယဉ်ကျေးမှုအပေါ်တွင် လွမ်းခြုံမှုရှိခဲ့ရာ ရှေးခေတ်က ကုန်းလမ်း နှင့် ရေလမ်းမှ တဆင့် ပိုးကုန်ကူး ဖြတ်သန်း သွားလာခြင်းဖြင့် နယ်မြေပေါင်းစုံ၏ ယဉ်ကျေးမှု သည်လည်း ကျယ်ပြန့်သော အာရှဒေသတွင် အပြန်အလှန် ရောနှောဆက်စပ်မှုရှိလာသည် ။ အကျယ်အားဖြင့် လေ့လာကြည့်သော် တရုတ်ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းလက်ရာတွင် အာရှယဉ်ကျေးမှုပုံရိပ်များ ကိန်းအောင်းနေသလို အရှေ့မြောက်အာရှ၊ အရှေ့တောင်အာရှ ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းလက်ရာ တွင်လည်း တရုတ်ယဉ်ကျေးမှု လက္ခဏာများ ပါဝင်ပေါင်းစပ်နေသည်ကို တွေ့မြင်နိုင်သည် ။
အမျိုးသားရှေးဟောင်းပစ္စည်းပြတိုက်တောင်ပြတိုက်သည် အာရှယဉ်ကျေးမှုအနုပညာပြတိုက် အဖြစ် တည်ရှိပြီး အဓိကရည်ရွယ်ချက်မှာ အာရှဒေသမှ အစပြု၍ မြင်ကွင်းအာရုံ ကျယ်ပြန့်အောင် မြှင့်တင် ပေးရန် ရည်ရွှယ်ခြင်း ဖြစ်သည် ။ သို့ဖြစ်၍ ယဉ်ကျေးမှုအနုပညာလက်ရာများ စုဆောင်းခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပြပွဲ၊ နိုင်ငံတကာအငှားပြပွဲ၊ ဗဟုသုတတွင်ကြယ်ပျံ့နှံ့ရန်ပညာပေးခြင်း စသော နည်းလမ်းများဖြင့် အာရှယဉ်ကျေးမှုအယူအဆနှင့် အနုပညာအောင်မြင်မှုများကို သိမြင် ခံစား နိုင်စေရန် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည် ။ တောင်ပိုင်း၊ မြောက်ပိုင်းယဉ်ကျေးမှု တန်းတူညီမျှ တိုးမြင့်ရေး မျှော်မှန်းချက် အတိုင်း တောင်ပြတိုက်သည် ယဉ်ကျေးမှုအနုပညာ အဓွန့်ရှည်စေရန် အမြစ်စိုက်ခြင်း၊ ဒေသခံယဉ်ကျေးမှုနှင့် ပူးပေါင်းဆက်စပ်ခြင်း၊ အာရှယဉ်ကျေးမှုများ တွင်ကြယ် ပျံ့နှံ့ရန် မြှင့်တင်ခြင်း တို့မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အာရှဒေသ၏ ကြွယ်ဝသော၊ ပြောင်မြောက်သော ယဉ်ကျေးမှုအနုပညာများသည် ကျားယိတွင် အမြစ်တွယ်၍ တွင်ကြယ်ပျံ့နှံ့ပြီး ပြည်တွင်းပြည်ပမှ လာရောက် လေ့လာလည်ပတ်သော ခရီးသည်များ သည်လည်း ကောင်းမွန်စွာ လေ့လာကြည့်ရှု ခံစားနိုင်လိမ့်မည် ဖြစ်ကြောင်း ရည်ရွှယ်မျှော်မှန်းလေ့ရှိသည် ။

TOP