အဓိကအကြောင်းအရာ Skip
menu

တောင်ပြတိုက်အကျဉ်းနိဒါန်း

အဆောက်အဦးနှင့်ပြတိုက်ဥယျာဉ်ရှုခင်း

A.

ပြတိုက်အဆောက်အဦး

ပြတိုက်အဆောက်အဦး

ရှေးဟောင်းပစ္စည်းပြတိုက်၏ ဧရိယာမှာ ပြတိုက်ဝန်း(၂ဝ) ဧက၊ ပြတိုက်ဥယျာဉ်ဝန်း(၅ဝ) ဧက အပါအဝင် စုစုပေါင်းဧရိယာ(၇ဝ)ဧက ရှိသည် ။ ပြတိုက်အဆောက်အဦးကို ရောင်လိန်ရှီးအင်ဂျင်နီယာ မှ ဒီဇိုင်းရေးဆွဲပြီး ရှေးခေတ်မင်ပန်းချီရေးနည်းသုံးမျိုးဖြစ်သော နှုန်မော့ မင်ထူရေးဆွဲနည်း၊ ဖေးပိုက် တရွတ်ဆွဲရေးဆွဲနည်း၊ ရွှန်းလျှံ မင်ရောင်ဆပ်ရေးဆွဲနည်း များကိုအမူးပြု၍ အစစ်အမှန်နှင့် အတုအယောင် ယှက်နွှယ်ဆက်စပ်မှု ရှိသည့် ပုံပန်းသဏ္ဍန်ဖြင့် ပြေပြစ် ချောမွေ့သော အဆောက်အဦး ပုံသဏ္ဍန်ကိုယ်ထည်ကို ဖန်တီးနိုင်ခဲ့သည် ။
မင်ကဗျာအမည် ခန်းမဆောင်၏ အဓိကစွမ်းဆောင်ချက်မှာ ပြပွဲခန်းမနှင့် အနုပညာလက်ရာများ ထိန်းသိမ်း သိုလှောင် ထားရှိရာနေရာ ဖြစ်ပြီး ဖေးပိုက်အမည် ခန်းမဆောင်တွင် ဧည့်ခံခန်းမ၊ ပြတိုက်ဗဟုသုတ ပညာပေးခန်း၊ စားသောက်ခန်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းခန်း ဟူ၍ ဖွဲ့ဆောင်ထားသည် ။ အလယ် လူသွားလမ်း ၏ တောင်ဘက်ထိပ် ရှုခင်းတံတားမှစ၍ မျဉ်းကွေးအတိုင်း လျှောက်လမ်းခဲ့ပါက အစစ်အယောင်ဟန် ပုံပန်းသဏ္ဍန်ဖြင့် စီခြယ်ကာရံထားသော အလယ်ဗဟို ခန်းမသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းခန်းမသည် ရွှန်းလျှံအမည် ခန်းမဆောင်ပင် ဖြစ်သည် ။ ဤမျဉ်း သုံးကြောင်းသည်တရုတ်၊ အိန္ဒိယ၊ အီရန်နိုင်ငံ၏ ရှေးယဉ်ကျေးမှုကို ရှေးသမိုင်းရေစီးကြောင်း အလျှောက် အတူဆုံစီးပူးပေါင်းခဲ့ရာမှ တောက်ပခမ်းနားသော၊ ထင်ရှားပြောင်မြောက်သော အာရှယဉ်ကျေးမှုအနုပညာ ပေါ်ထွန်းလာစေသကဲ့သို့ ထင်ဟပ်မြင်ယောင်နိုင်မည် ဖြစ်သည် ။

ပြတိုက်အဆောက်အဦး၏ ဖွဲ့စည်းပုံနှင့် ပစ္စည်းကရိယာများသည် မြေငလျှင်ဒဏ်နှင့် ရေကြီးခြင်းဒဏ် ကိုခံနိုင်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဘေးအန္တရာယ်ကာကွယ်တားဆီးမှု၊ ခေတ်မှီနည်းပညာ အသုံးပြုမှု၊ လည်ပတ်ရေးအဆင်ပြေမှု နှင့် စိတ်သက်သာချမ်းသာမှု ရရှိစေရေး အတွက် အမြင့်ဆုံး စံချိန်စံညွှန်းဖြင့် ဒီဇိုင်းရေးဆွဲဖန်တီးခဲ့ခြင်း ဖြစ်သည် ။ ငလျှင်ဒဏ်မှ ကာကွယ်နိုင်ရန် ပွတ်တိုက်ခံ ချိန်သီး အလုံး(၂၁ဝ)ဖြင့် အခြေပြု၍ ပံ့ပိုးထားသည် ။ ရေကြီးခြင်းဒဏ်မှ ကာကွယ်နိုင်ရန် ပြတိုက် ပထမထပ်ကြမ်းပြင်ကို အမြင့်(၁၁)မီတာ၊ နှစ်(၂ဝဝ)ထက် ပိုသော ရေမတ်စီမံကိန်းဖြင့် ဒီဇိုင်းချရေးဆွဲ တည်ဆောက်ထားသည် ။ အဆောက်အဦးသည်လည်း စိန်အဆင့်မှီ အစိမ်းရောင်အဆောက်အဦး တံဆိပ်လက်မှတ်နှင့် စိန်အဆင့်မှီ အဆင့်မြင့်ခေတ်မှီနည်းပညာအဆောက်အဦး တံဆိပ်လက်မှတ်ကို ရရှိခဲ့ပြီးဖြစ်သည် ။

B.

ကြည့်မြင်တံတား

ကြည့်မြင်တံတား

ကြည့်မြင်တံတားသည် ကန်ဖြတ်ရှုခင်းတံတားဖြစ်ပြီး ပြေပြစ်ကျော့ရှင်းသော အဝိုင်းမျဉ်းနှစ်ကြောင်းဖြင့် ရေမျက်နှာပြင်သို့ မောက်ထွက်လာဟန် ပုံဖော်တည်ဆောက်ထားသည် ။ တံတားအရှည်မှာ (၁၄၂) ကီလိုမီတာ ရှိပြီး တံတားအောက်ခြေတိုင်စိုက်ခြင်းကြောင့် လူတူးကန်၏ ရေဘေးဒဏ်ကာကွယ်မှုကို မထိခိုက်စေလို၍ တံတားအောက်ခြေတိုင်မစိုက်သောနည်းဖြင့် အသုံးခံသော သံမဏိခုံးတံတားကို အသုံးပြုထားသည် ။ တံတားအဖွဲ့အစည်းမှာလည်း ပြေပြစ်ပေါ့ပါးသော ဒီဇိုင်းကိုအခြေခံ၍ အဓိကခုံး နှင့် Sပုံ တံတားကုန်းပတ်အကြားရှိ ထုပ်တန်းနှင့် နံရိုးကြားခင်းကို အားပြုပြီး ထောက်ပံ့ထားသည် ။ အတိုအရှည်နှင့် ထောင့်မတူညီသော နံရိုးကြားခင်း(၂၅)ချောင်းသည် တံတားကုန်းပတ်၏ အကွေးအကောက် အလိုက် အစဉ်လိုက် စနှစ်ကျ စီယီထားခြင်းမှာ အမြင်ရှုထောင့်အားဖြင့် သံချပ်ညီသော တီးလုံးပမာ တဖြည်းဖြည်း ပြောင်းလဲလာသကဲ့သို့ ခံစားနိုင်မည် ဖြစ်သည် ။
နံရိုးကြားခင်း၏ အကျိုးကိုထင်ရှားပေါ်လွင်စေလိုငြားလည်း တံတားကုန်းပတ်နှင့် နေကာပြား ရေစစ်စနှစ်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ တံတားကုန်းပတ်အလယ်တွင် ချုပ်ရိုးပျောက်ပုံ ဒီဇိုင်းဖြင့် ပုံဖော် တည်ဆောက် ထားရာ ခရီးသွားဧည့်သည်များသည် တံတားကုန်းပတ်ပေါ်တွင် ဘယ်ညာဖြတ်သန်းသွားလာနိုင်သလို ကန်မျက်နှာပြင် နှစ်ဘက်၏ ရှုခင်းအလှကိုလည်း ရပ်နား၍ ကြည့်ရှု ခံစားနိုင်သည် ။ ကုန်းပတ်သည် တောင်ဘက်သို့ အနည်းငယ်ယိမ်းယိုင်ပြီး တောင်မြောက်ကုန်းပတ် ကွာဟမှုမှာ (၁)ကီလိုမီတာရှိရာ ရေမျက်နှာပြင်ပေါ်သို့ ထိယောင်ထိငြားဟန်ဖြင့် တံတား၏ ပြေပြစ် ပေါ့ပါးမှုသဏ္ဍန်ကိုလည်း ထိတွေ့ ခံစားနိုင်မည် ဖြစ်သည် ။

C.

ပြတိုက်ပန်းခြံဝန်းရှုခင်း

ပြတိုက်ပန်းခြံဝန်းရှုခင်း

ပြတိုက်ပန်းခြံဝန်းရှုခင်းသည် ပြတိုက်ခရီးသည် ဧည့်ပရိသတ်များနှင့် အနီးအနားနေထိုင်သူများ လိုအပ်သော အပန်းဖြေနိုင်သည့်နေရာ၊ အားကစားလုပ်နိုင်သည့်နေရာ အဖြစ် ဖန်တီးပေးရုံသာမက ရေလွမ်းမိုးခြင်း ကာကွယ်မှုနှင့် ဂေဟစနှစ်သက်ရောက်မှုရှိစေရန် အတွက်လည်း ဒီဇိုင်းဖော်ထားခြင်း ဖြစ်သည် ။ ပြတိုက်ပန်းခြံဝန်းတစ်ခုလုံးကို ပန်းခြံပတ်လမ်းဖြင့် ဝန်းရံထားပြီး ဖြောင့်ဖြူးလှပသော လိုင်းကြော ကဲ့သို့ သာယာလှပေသည် ။ ပန်းခြံပတ်လမ်းတစ်လျှောက်တွင် ရေပေါ်ရှုခင်းဥယျာဉ်၊ အပူပိုင်းဥယျာဉ်၊ အခမ်းအနားဥယျာဉ် ဟူ၍ ပိုင်းခြားထားပြီး မြေအနိမ့်အမြင့်အလိုက် ရှုခင်းပုံဖော်မှုများ၊ နားခိုရန်နေရာများ၊ လူသွားလမ်းကလေးများ ကိုလည်း တည်ဆောက်ထားသည် ။ အလှဆုံးရှုခင်းကို ကြည့်ရှုနိုင်ရန် အကောင်းဆုံး နေရာများမှာ- တောင်အဝင်ဝရှိ ရှေးဟောင်းပစ္စည်းပြတိုက် တောင်ပြတိုက် တည်ဆောက်ခြင်း အသိအမှတ်ပြု ကျောက်စာ၊ အနုပညာတောင်ပို့၊ ကမ်းနားစင်မြင့် နှင့် ရှုခင်းမြော်ပလက်ဖောင်း တို့ဖြစ်သည် ။

TOP